အလုပ်
ကံရဲ့အကျိုးကို ငါယုံတယ်…
မျှော်မှန်းတာရဖို့ အလုပ်တွေ
လုပ်ကြရမယ်။
အခါအခွင့်ကောင်းမှာ ဆုံးဖြတ်ချက်မှန်ရင်
အဓိပတိဖြစ်နိုင်တာ ငါယုံတယ်…
တကယ်ဦးဆောင်အဓိပတိဖြစ်ဖို့
အလုပ်တွေလုပ်ကြရမယ်။
ကူညီဖေးမသူရှိရင် အောင်မြင်ဖို့ပိုနီးစပ်တာ
ငါယုံတယ်…
တကယ့်အောင်မြင်မှု အနှစ်သာရကို
ခူးဆွတ်ဖို့ အလုပ်တွေလုပ်ကြရမယ်။
တွန်းအားပြင်းပေမဲ့ အရွေ့မရှိရင်
အလုပ်မမည်ဘူးဆိုတာ ငါယုံတယ်…
တကယ်မှန်ကန်တဲ့ပြီးမြောက်မှုရလာဒ်အတွက်
အလုပ်တွေလုပ်ကြရမယ်။
ငါယုံကြည်တဲ့အလုပ်ဟာ…
ငါ့တအာင်းလူထုတခုလုံးအတွက်
ရေရှည်အကျိုးဆိုတာ ငါယုံတယ်။
ငါလိုချင်တဲ့နိုင်ငံရေးရည်မှန်းချက်
ငါလိုချင်တဲ့ခိုင်မာတောင့်တင်းတဲ့နိုင်ငံရေးအဖွဲ့အစည်း
ငါလိုချင်တဲ့တအာင်းလူငယ်တွေအားလုံးဖွံ့ဖြိုးတိုးတက်မှု
ငါလိုချင်တဲ့တအာင်းလူမျိုးအားလုံးရဲ့
နိုင်ငံရေးနိုးကြားတက်ကြွမှု
ငါလိုချင်တဲ့တအာင်းလူမျိုးအားလုံး
အေးချမ်းသာယာမှု
ဒါတွေအားလုံး ငါတို့တအာင်းလူမျိုးတွေလိုချင်တောင့်တမယ်လို့
ငါယုံကြည်တယ်။
ငါ့ယုံကြည်ချက်ဟာ ငါ့အလုပ်ရဲ့သက်သေပါပဲ။
ဖိုမ်ငါမ် (ကုင်ဆိုရ်မျံမ်)
၅၊ ၀၅၊ ၂၀၁၄ (၂၃း၅၅
နာရီ)

No comments:
Post a Comment