မြန်မာတပ်တို့ နမ့်ဆန်မြို့အနီးရင်ဆိုင်တိုက်ပွဲဖြစ် မြန်မာ ၄ ဦး ကျဆုံး အနဲဆုံး ၇ ဦးဒါဏ်ရာရ
၁၃ ရက် ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်။
ယနေ့ ၁၃ ရက် ဒီဇင်ဘာလ ၂၀၁၃ နံက် ၉း၀၀ နာရီခန့်တွင် နမ့်ဆန်မြို့အနီး
ဂျုံနန်း(ဇယန်းကြီး) နှင့် အိုမ်ဝေါင်း(နမ့်ခေး) ရွာအကြားတွင်
တအာင်းတပ်မတော် TNLA လှုပ်ရှားတပ်ရင်း ၁၀၁ နှင့် မြန်မာတပ် ခမရ ၅၀၂ တို့
နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြရာ ၅၀၂ မြန်မာတပ်မှ ၄ ဦးကျဆုံးပြီး
အနဲဆုံး ၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
နှစ်ဖက်တိုက်ပွဲမှာ နမ့်ဆန်မြို့နှင့်အလွန်နီးကပ်ပြီး ၁၅
မိနစ်ခန့်ကြာပစ်ခတ်ပြီးနောက် တအန်းတပ်ဖွဲ့များ
အမြန်ပြန်လည်ဆုတ်ခွာလိုက်သဖြင့် တိုက်ပွဲပြီးဆုံးခဲ့သည်။ တအန်းတပ်မတော်ဖက်မှ ထိခိုက် ကျဆုံးမှု မရှိပါ။
မြန်မာတပ် ၅၀၂ သည် နမ့်ဆန်မြို့နယ် ပါင်ရမ်ရွေးရွာရှိ TNLA
စိုက်ထူထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အမိန့် ဆိုင်းပုဒ်များကို ၁၂ ရက်
ယမန်နေ့တွင် ဖျက်ဆီးပြီး ပြန်အလာ တအန်းလှုပ်ရှားတပ်ရင်းနှင့်
ရင်ဆိုင်တွေ့ကြခြင်းဖြစ်သည်။
လွန်ခဲ့သည့် အပတ်တွင်လည်း ဂျုံဂေးရွာရှိ တအန်းတပ်မတော်၏
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အမိန့်ကြေငြာချက်ဆိုင်းပုဒ်များကို
မြန်မာတပ်များက ဖျက်ဆီးခဲ့ကြသည်။
ယခုတကြိမ်တိုက်ပွဲသည် နမ့်ဆန်မြို့နယ်အတွင်းဖြစ်ပွားခဲ့သော
တိုက်ပွဲများ၌ ဦးသိန်းစိန်အစိုးရလက်ထပ်ပေါ်ပေါက်လာသည့်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နမ့်ဆန်မြို့နှင့်
အလွန်နီးကပ်သောတိုက်ပွဲ တပွဲဖြစ်သည်။
နမ့်ဆန်မြို့ပေါ်တွင် ကျောက်မဲအခြေစိုက် စကခ (၁) မှူး ဗိုလ်မှူးချုပ်
အောင်ဇော်ဦး ကိုယ်တိုင် လာရောက်နေထိုင်ကာ စစ်ဆင်ရေးများကွပ်ကဲလျှက်ရှိသည်။
ယခု လပိုင်းအတွင်းတွင် နမ့်ဆန်မြို့နယ်အတွင်း မြန်မာတပ်ဖွဲ့များ
ပိုမိုတိုးချဲ့ဝင်ရောက်လာပြီး စုစုပေါင်း ၁၅၀၀ ကျော်ခန့်ရှိသည်။
နမ့်ဆန်မြို့အနီးတဝိုက်တွင် အင်အား ၅၀၀ ခန့် ပုံမှန်လှည့်လည်
လှုပ်ရှားလျှက်ရှိသည်။
တိုင်းရင်းသားဒေသများသို့ ထိုးစစ်များမပြုလုပ်ရန်
အခြေစိုက်စခန်းသစ်များတိုးချဲ့ခြင်းမပြုရန်အတွက် ဒုဗိုလ်ချုပ်ကြီး
မြင့်စိုးနှင့်တွေ့ဆုံစဉ် UNFC ခေါင်းဆောင်များ ပြောကြားခဲ့သည်ဟုသိရသည်။
မြန်မာတပ်မတော်သားများ တိုင်းရင်းသားဒေသတွင် အလဟဿ
အသက်မဆုံးရှူံးစေလိုကြောင်း၊ နောက်ပိုင်း ဆွေးနွေးညိနှိုင်း၍
ပြေလည်မှုများရရှိပါက ထိုမြန်မာတပ်များမှာ မူလတပ်ရင်းများသို့
ပြန်လည်ဆုတ်ပေးရမည်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း မြန်မာတပ်များမှာ တိုင်းရင်းသားဒေသသို့ စစ်အင်အားများဆက်တိုက် တိုးချဲ့လျှက်ရှိသည်။
No comments:
Post a Comment