သိန်းစိန် ငြိမ်းချမ်းရေး
မိုင်းဘော်ဘက် တက်လာတာက တပ်ရင်းသုံးရင်း...
စရမ်း-ငေါ့ငှါးဘက်က စစ်ကြောင်း ၂ ကြောင်း...
ဘိန်းသူဋ္ဌေးပန်ဆေးပြည်သူ့စစ်က အဆစ်ပါသေးတယ်...
ကျောက်မဲဘက်ကတော့ စစ်ကြောင်းသုံးကြောင်း...
မန်တုံကတော့ ရှိရင်းစွဲ ၁၃၀ နဲ့ ၅၀၂ ပိုလှုပ်ရှားလာတယ်...
နမ့်ခမ်းဘက်ကို ကား ၁၀ စီး အပြည့် စစ်ခွေးတွေလာတယ်
တချို့မန်ဝိန်းကြီးနဲ့ မန်စီဘက်တက်သွားပြီ
တချို့တော့ TNLA နဲ့အားပြိုင်ဖို့ တောတိုးပြီတဲ့...
မကြားချင်အဆုံး ကြေးနန်းကဆက်တိုက်
အောက်ခြေတပ်ရင်းတွေမှာ တိုက်ပွဲတွေက တိုက်လိုက်နားလိုက်...
သနားစရာမြန်မာတပ်ရဲဘော်အရာရှိတွေက တို့တအန်းမြေအတွက် မြေသြဇာအဖြစ်ခံလို့...
လိုင်ဇာကို မကြာမီအပိုင်သိမ်းတဲ့...
TNLA ကိုခေါင်းမထောင်နိုင်အောင် အပြတ်ဆော်တဲ့...
စစ်ချုပ်မင်းအောင်လှိုင် ပြောတယ်... ရမခ မှူး အောင်စိုးကြားတယ်
အောင်စိုးပြောတယ်... ရဲဘော်ကြားတယ်
တအန်းတောကြီးမျက်မဲကြား မျက်စိကလယ်ကလယ်လမ်းမှား
ရှေ့ထွက်မိုင်းမိလို့ မြေသြဇာဖြစ်မှာကြောက်တယ်။
အော်... သိန်းစိန် ငြိမ်းချမ်းရေး
အောင်မင်း အပစ်အခတ်ရပ်စဲရေး...
တပြည်လုံးအပစ်အခတ်ရပ်စဲရေး...
ခုတော့ တိုက်ပွဲသံတွေညံလို့
တိုင်းရင်းသာတောတောင်တွေမှာ မြန်မာစစ်အငြီအဟောက်တွေနံလို့...
မြန်မာပြည်... တကယ် ဘယ်လိုလုပ်အေးချမ်းမလဲ။
ဘုန်းကျော် (လက်ဖက်မြေ)
၁၃၊၀၉၊၂၀၁၃ (သောကြာ ၁၀း၃၂ နာရီ)
No comments:
Post a Comment