တော်လှန်ရေးက သင်ပေးလို့
ဖိနှိပ်သူ လူတန်းစားကို ဆန့်ကျင်တော်လှန်ဖို့
ငါသိလာတယ်
တော်လှန်ရေးက သင်ပေးလို့
ဖိနှိပ်သူ စစ်အုပ်စုကို တိုက်ဖျက်ဖို့
ငါ အားထုတ်တတ်လာတယ်
တော်လှန်ရေးက သင်ပေးလို့
အဖိနှိပ်ခံ လူတန်းစားဘ၀က လွတ်မြောက်ဖို့
ငါ လမ်းစ ရလာတယ်
တော်လှန်ရေးက သင်ပေးလို့
အဖိနှိပ်ခံပြည်သူလူထုဘက်ရပ်တည်ဖို့
ရဲဘော်ရဲဘက်တွေ ငါ ရလာတယ်
ဒီလိုနဲ့…
တော်လှန်ရေး ၀ဲဂယက်မှာ ငါ …
ခုနှစ်သက္ကရာဇ်တွေ တခုပြီးတခု ဖြတ်သန်းခဲ့ပေါ့။
တော်လှန်ရေးကြီး ရေ
ဒီတခါတော့ ငါက မင်းကို သင်ပေးဖို့ အလှည့်ကျလာပြီ
ငါ့ရဲ့ ခန့်ခွဲမှုအပြောင်းအလဲမှာ
အသင့်လိုက်ပါလာဖို့သာ ပြင်ပေတော့
ဖိုမ်ငါမ် (လက်ဖက်မြေ)
၂၄ ရက် အောက်တိုဘာလ ၂၀၀၉ ခုနှစ်
၂၃း၅၂ နာရီ
စနေနေ့
No comments:
Post a Comment