Saturday, February 8, 2014

တို့တအာင်းလူမျိုး ကို လာမစော်ကားနဲ့……..

တို့တအာင်းလူမျိုး ကို လာမစော်ကားနဲ့……..

၁၈ ရက် ဇန်နဝါရီလ ၂၀၁၄ မှာ … မြန်မာ ခမရ ၅၀၆ စစ်ကြောင်းမှူး က…

“တအာင်းတော်လှန်ရေးနေ့ပွဲကို လက်ခံကျင်းပတဲ့ မင်းတို့ ပလောင် ဟိုမိန်းရွာကို မီးရှို့ပစ်လိုက်မယ်။ အကုန်သတ်လိုက်ရင် အကုန်သေသွားမယ်။ မင်းတို့ကသူပုန်ရွာပဲ” လို့ ပါးစပ်ကလည်းပြော တကယ်လက်တွေ့လည်း ရက်စက်ကြမ်းကြုတ်….
ဟိုမိန်းရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖ၊ ကျောင်းဆရာမ တွေကို ရိုက်နှက် …
တွေ့ရာပစ္စည်းယူ ငွေ ၃၀ သိန်းကျော် ယူ…
မကြာပါဘူး ၂၅ ရက် ဇန်နဝါရီ ၂၀၁၄ မှာတော့……. ဟိုမိန်းဘက်ကနေ နမ့်ဆန်ကို ပြန်လာတဲ့ အဲဒီစစ်ကြာင်းမှူး… ပန်စရီ နဲ့ ဟိုလ အကြားတောင်ပေါ်မှာ …
TNLA ရဲဘော်ပစ်လိုက်တဲ့ ကျည်ဆံခပ်ပြင်းပြင်း သူ့လည်ပင်းကိုဖောက်ဝင်.. ဘယ်နှလုံးတောင်ဖောက်လည်းတော့ မသိဘူး လည်ပင်းရိုးပါကျိုးပြီး အသားစနဲနဲကပ်ရုံ ခေါင်းတွဲလောင်းပြတ် သေပါရောလား။ အရာရှိ ၂ ယောက် ရဲဘော် ၁၀ ယောက်ကျော်သေဆုံး…

၆ ရက် ဖေဖော်ဝါရီလ ၂၀၁၄ မှာ … မြန်မာ ခမရ ၅၀၅ စစ်ကြောင်းမှူး က… နမ့်ဆန်-ရူမန်းရွာမှာ…

“မင်းတို့ ပလောင်ဒေသကို လူသတ်ဖို့ အထက်လူကြီတွေကလွတ်လိုက်တာ။ လေးလပတ်အစည်းအဝေးမှာ မင်းတို့ကိုအပြတ်ရှင်းဖို့ တို့အဘကြီးတွေဆုံးဖြတ်ပြီး မင်းတို့ဆီကိုလွတ်လိုက်တာ” လို့ ပြောတော့ ရွာဘုန်းကြီးနဲ့ရပ်မိရပ်ဖတွေက… အဲတာဆို လက်နက်ကိုင်အဖွဲ့ မဟုတ်တဲ့ ပြည်သူလူထုကိုကော ဘယ်လိုလုပ်မလဲ… လို့ မေးတော့…….
အဲတာကတော့ သတ္တဝါနခါ ကံတခုပဲ။ တို့ဒီကိုလာတာ လူသတ်ဖို့ပဲ.. တဲ့..
ပါးစပ်ကလည်းပြော တကယ်လက်တွေ့လည်း ရွာထဲက တွေ့တဲ့ကြက် သေနတ်နဲ့ပစ် ကင်စား၊ အရက်တွေယူသောက်.. ရက်စက်ကြမ်းကြုတ်….
၆ ရက် ဖေဖော်ဝါရီလ ၂၀၁၄ မှာတော့ …
ရူမန်းရွာကနေထွက်… တောင်ဆင်း - ချောင်းဖြတ်… ထဲတ်ကျဲတ်(ရူဝိုင်း) ဆီကိုသွားဖို့ တောင်ပေါ်ပြန်တက်…
ဒိုင်း..ဒိုင်း… ဆို သေနတ်သံတွေလည်းဆူညံရော…
TNLA ရဲဘော်ပစ်လိုက်တဲ့ ကျည်ဆံခပ်ပြင်းပြင်း သူ့ရင်ဝကိုဖောက်ဝင်.. အချက်ပေါင်းများစွာ…
စစ်ကြောင်းမှူးအရာရှိ အပါအဝင် အနဲဆုံးရဲဘော် ၅ ယောက်သေဆုံး…

ကဲ… ဘယ်မြန်မာ-ဗမာ စစ်ကြောင်းမှူး က တို့ တအာင်းပလောင် လူမျိုး.. ဒေသ ကိုလာစော်ကားချင်လဲ…
တို့တအာင်းတွေ လိုချင်တဲ့နိုင်ငံရေးရည်မှန်းချက်ကို ညီညီညွတ်ညွတ်နဲ့ ဝိုင်းတောင်း ဝိုင်းလုပ်ရင် သေချာပေါက်ရနိုင်ပြီ……..

P.S.L.F/T.N.L.A

No comments: