နှစ် နှစ်ဆယ်နီးနီး
ငါ့ရွာ
ငါ့မှတ်ဥာဏ်အတိတ်
ငယ်စဉ်တုန်းကအရိပ်တွေ
ငါနဲ့အတူလိုက်ပါဆဲ…
ကျေးဇူးတင်ပါတယ်
နွေးထွေးစွာကြိုဆိုတဲ့
ငါ့ရွာ…
ငါ့ရောင်းရင်း
အပေါင်းအသင်း…
ငါတို့ငွံန်ရောတ်သမီးပျိုတို့ရေ…
ဟိုတုန်းက
ငါတို့ရွာဘုရားအကြီးကြီး
ခုတော့…
သေးငယ်သွားသလို
ဟိုတုန်းက
ငါတို့ရွာအကျယ်ကြီး
ခုတော့
ခဏလေးလမ်းလျှောက် ကျဉ်းသွားသလို
ဟိုတုန်းက
ငါ့ကြီးဒေါ် နုပျိုဆူဖြိုး
ခုတော့
တချို့ရင့်ရော်နွမ်းလျ ဆင်းရဲသွားသလို
ဒါပေမဲ့
… ငါတို့ရွာစာသင်ကျောင်းကတော့
ရေခြားဂျပန်ကောင်းမှု
အားလုံးကိုအန်တုနေလေရဲ့
ကောင်လေးတွေတော့
ဆယ်တန်းအောင်ရိုးထုံးစံမရှိဘူးတဲ့…
ငါ့တူမအရင်းခေါက်ခေါက်တွေလည်း
တောက်လျှောက်ဆယ်တန်းကျလို့ပေါ့။
စပရိန်…အိုမ်တမောဝ်လှည်လေ့
လေးဖြူ…အလွမ်းများ
ဒီလိုအလွမ်းအမောသီးချင်းတွေ
အော်ဟစ်ရင်း
မှီတွယ်ခဲ့တဲ့
ငါတို့လက်ဖက်ခြံက လက်ဖက်ပင်ကတော့…
ရင့်ရော်နေလို့
ဒါပေမဲ့
သူကတော့ ငါ့ကိုမှတ်မိနေဆဲ…
ငါတို့မိသားစု
ဝမ်းစာတောက်ပြောင်
ငါတို့ညီအကို
စာတတ်ပေတတ်အောင်
အဲဒီလက်ဖက်ပင်က
စွမ်းဆောင်ခဲ့တာလေ…
အရင်တုန်းကတည်းက
ဒီအရသာ ဒီအရည်အသွေး
ခုလဲ
ဒီအရသာ ဒီအရည်အသွေး
ဒါပေမဲ့
အခု သူ…
ငါတို့ကို
အရင်ကလို မလုပ်ကျွေးနိုင်တော့လို့
တွေဝေမှိုင်ငေး…
အော်…
သံပြာရောင်စက်ရုံ
တရုတ်ထုတ်
မီးခိုးငွေ့တွေက
သူ့အစွမ်းအစကို
ဝါးမျိုနေလို့…
ငါကောင်းကောင်းကြီး
မှတ်မိနေပါတယ်…
ရင့်ရော်သွားတဲ့
…
ငါ့ကြီးဒေါ်တွေ
ငါ့အမ…
ငါ့ညီမတွေ
ငါ့ရောင်းရင်းအပေါင်းအသင်းတွေ
တိုက်တာအဆောက်အအုံတွေတိုးလာပြီး
သေးငယ်ကျဉ်းသွားသလို
ခံစားစေတဲ့
ငါ့ရွာကြီးရေ…
နှစ်
နှစ်ဆယ်နီးနီးခွဲခွာပြီး
ရှာဖွေစုဆောင်းထားတဲ့
ငါအရည်အသွေးတွေနဲ့
ငါ့ရွာ…
ငါ့လူမျိုး…
ငါကောင်းကောင်း
လုပ်ကျွေးပါ့မယ်…။
ဖိုမ်ငါမ်
(ကုင်ဆိုရ်မျံမ်)
၀၂း၄၈
နာရီ
၂၂-၀၁-၂၀၁၄



No comments:
Post a Comment