Friday, September 6, 2013

မြန်မာ့သတ်မတော်ရဲ့ အပြော...အလုပ်...


မြန်မာ့သတ်မတော်ရဲ့ အပြော...အလုပ်...

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအကြောင်းပြပြီး...
ဆက်ကြေးကောက်သူ
အဓမ္မလူသစ်စုဆောင်းသူ
မတရားလူသတ်ဖြတ်သူ
ဒီအဖွဲ့တွေကိုနှိမ်နင်းဖို့
မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရတာပါတဲ့...

အဲသလို...
ကစထ ၂ မှူး ဗိုလ်အောင်သန်းထွဋ် ပြောတယ်..
ရမခ တိုင်းမှူး ဗိုလ်အောင်စိုး လည်းပြောတယ်...
နိုင်ငံတော်လုံခြုံရေး တာဝန်ယူရမယ်တဲ့။

ငါ့မွေးရပ်မြေ
တအန်းပြည်မှာ...
ရိက္ခာ၊ ငွေ၊ ကြက် 
အဓမ္မလုယက်
တိုက်ပွဲအပြီး ပါင်ရံရွေးက 
အသက်ရှစ်ဆယ်ကျော် တာအိုက်အေးကို မသေမချင်းပစ်သတ်တာ...


တလောကလည်း
ရူဗုံးက တအာင်းမယ်နှစ်ယောက်
ဗလက္ကာယပြုကျင့်တာ...

နမ့်ဖက်ကာ မိုင်းယုလေးဘက်
တောင်ယာတောအတက်
လက်နက်ကြီးကျည်ထိလို့
ဇီဝိန်ချုပ် အသက်ပြုတ်သွားတဲ့ တအာင်းပျိုမေလေးဟာ...

ပြီးခဲ့တဲ့စက်တင်ဘာ ၂ ရက်ကလည်း
တိုက်ပွဲမှာ TNLA ကိုအမျက်ထွက် 
ပါလိုင်ရွာထဲကို ၆၀ မမ တွေ တရစပ်
ပါလိုင်ရွာသား ဗိုက်ဖောက်ထွက်သွားတာ...
 
တိုင်းရင်းသားရေမြေက သယံဇာတ
ထွက်သမျှ ကျုံးယူ
ပေါက်ဖော်ဆီကုန်းလှူ...
သွားလေရာဟန်ပြဒါနပြုဖို့ လုပ်ငန်းရှင်အိတ်ထောင်နှိုက်လာတာ ...


ဒါတွေအားလုံး နှစ်ဆယ်ချီလုပ်လာတာ...
မြန်မာ့သတ်မတော်ပါ။

ဖိုမ်ငါမ် (ကုင်ဆိုရ်မျံမ်)
၆၊ ၀၉၊ ၂၀၁၃
၉း၁၉ နာရီ သောကြာနေ့

No comments: