မယ်အောစခန်း
ကျောက်ဆောင်တောင်တန်း
လရောင်ဆမ်း
တမ်းတလွမ်းမိ၊ အေးချမ်းဘိ။
ပလောင်တပ်စခန်း
အရောက်လှမ်း
ခက်ခဲကြမ်းတမ်း ပင်ပမ်း၏။
မြင့်မားကျောက်ဆောင်
ကြီးမားတောင်တန်း
ဘယ်လောက်ကြမ်းတမ်း
ခရီးလမ်း
ဖြတ်သန်းမည်မှာ
ငါ၏ အဓိဌာန်တည်း။
၁၄၊ ၀၇၊ ၂၀၁၁
ဘုန်းကျော် (လက်ဖက်မြေ)

No comments:
Post a Comment